Spectroscopy

မိတ်ဆက်

Spectroscopy ဆိုသည်မှာ အရာဝတ္ထု (Matter) များနှင့် ရောင်ခြည် (Radiation) များကြား အပြန်အလှန်ဆက်နွယ်မှုများကို လေ့လာမှုဖြစ်သည်။ Spectrometry မှာမူ Spectroscopy နည်းပညာရပ်များကို လက်တွေ့ အသုံးပြုခြင်းဖြစ်သည်။

Spectroscopy သည် Atom နှင့် Molecule များကို စစ်ဆေး၊တိုင်းတာ၊အတည်ပြုရာတွင် အရေးပါသည်။

အရေးပါသော Spectroscopic methods များမှာ

(၁) UV-Vis Spectroscopy (၂) FTIR Spectroscopy (၃) Fluorescence Spectroscopy (၄) Mass Spectroscopy

(၅) Atomic Absorption Spectroscopy (၆) Atomic Emission Spectroscopy

(၇) Nuclear Magnetic Resonance စသည်တို့ဖြစ်သည်။

Electromagnetic Radiation

Spectroscopy ကိုနားလည်ရန် Electromagnetic Radiation အကြောင်းဦးစွာသိရှိထားရန် လိုအပ်ပေသည်။ Electromagnetic Radiation တွင် Visible Light, Ultraviolet (UV), Infrared (IR) အစရှိသောရောင်ခြည်များပါဝင်သည်။ Electromagnetic Spectrum ကို အောက်တွင်ဖော်ပြထားသည်။

Visible Light range (wavelength 700nm~400nm) အတွင်းရှိ Molecule များသည် ကျွန်ပ်တို့ မြင်နိုင်သော အရောင်များရှိသည်။ အဆိုပါရောင်ခြည်များအပေါ်မူတည်ပြီး Spectroscopy များကွဲပြားသွားခြင်းဖြစ်သည်။

Electromagnetic Spectrum
Electromagnetic Spectrum
Energy of Electromagnetic Radiation

Classical Physics တွင် ရောင်ခြည်များသည် လှိုင်းသဏ္ဍာန် (Wave) ဖြင့် ရွှေ့လျားသည်ဟု ယူဆလက်ခံခဲ့ကြသည်။ Quantum Physics ပေါ်ပေါက်လာပြီးနောက်တွင် ရောင်ခြည်များသည် အမှုန် (Particle သို့ Photon) သဏ္ဍာန်ဖြင့်လည်း ရွှေ့လျားသည်ကို တွေ့ရှိခဲ့ကြသည်။

Double Slit Experiment ဖြင့် Electromagnetic Radiation များ၏ Wave-particle duality (Wave သဏ္ဍာန်သာမက Particle သဏ္ဍာန် ပါရှိနေမှု) ကို သက်သေပြခဲ့ကြသည်။



အိုင်းစတိုင်း equation ကိုအသုံးပြုပြီး Energy of Photon ကို E = hv ဖြင့်ဖော်ပြနိုင်သည်။

h = Plank's constant (6.63x10-34 J.s)

v = ကြိမ်နှုန်း frequency

Frequency ကို wave theory အရ v= c / λ ဖြင့်ဖော်ပြကြသည်။

c = speed of light ( 3 x 108 m/s) in vacuum

λ = wavelength

၎င်း equation နှစ်ခုကို ပေါင်းစည်းလိုက်သောအခါ E = hc / λ ကိုရရှိသည်။

E ∝ 1 / λ အရ Energy သည် wavelength နှင့် ပြောင်းပြန်အချိုးကျသည်။a

E=hv
E=hv
Absorption of Electromagnetic Radiation

Atom သို့ မဟုတ် Molecule များပေါ်သို့ Electromagnetic Radiation ကျရောက်သောအခါ တချို့သော Wavelength များသည် စုပ်ယူမှုကိုခံရပြီး ကျန် wavelength များသည် Transmitted radiation အဖြစ် ပြန်ထွက်လာသည်။ ထို Interaction သည် Molecular Effect ဟုခေါ်သော Molecule ဆိုင်ရာပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ Molecular Effect များကို အခြေပြု၍ Spectrometry ကိုလေ့လာကြသည်။ Spectrometry မှရလာဒ်များကိုသုံး၍ Atom/ Molecule များအကြောင်း ကိုသိရှိနိုင်သည်။

Spectroscopic Methods for Structural Determination

အောက်ပါ Spectroscopic နည်းလမ်းများကိုအသုံးပြု၍ မော်လီကျူးများတည်ဆောက်ပုံကို လေ့လာအတည်ပြုနိုင်ပါသည်။

(၁) UV-Vis Spectroscopy

(၂) FTIR Spectroscopy

(၃) Mass Spectroscopy

(၄) Nuclear Magnetic Resonance